자료/미얀마

군부와 결탁한 승려들 (2023. 2월)

희년선교회 2023. 4. 11. 21:29
[군부와 결탁한 승려들]
: 군부 수괴 민 아웅 흘라잉, 숭배하는 두 승려와 쿠데타 계획과 날짜 상의해, 이른바 국가통치평의회(SAC)로 불리는 군부 군사위원회의 명칭까지 승려가 작명해
2023. 2. 7.

 

미얀마 군부 수괴 민 아웅 흘라잉이 쿠데타 이전 그가 숭배하는 두 승려 '띠다구'와 '와시뻬잇'과 함께 쿠데타 계획을 사전에 상의했으며, 파자(破字)를 이용한 점술로 이른바 국가통치평의회(State Administration Council)로 불리는 군사위원회 명칭까지 작명한 정황이 군부 내 소식통의 증언으로 확인되었다.
소식통은 민 아웅 흘라잉이 승려들의 조언을 참고해 쿠데타 날짜를 택일(擇日)하기까지 했다는 이야기를 덧붙였다.
그는 "승려 띠다구가 군사위원회 명칭을 직접 지었으며, 총사령관(민 아웅 흘라잉)은 승려들에 쿠데타 계획을 소상히 밝히며 조언을 구했다. 승려들은 작명, 쿠데타 날짜 택일뿐만 아니라 점술과 주술로 총사령관에 축원을 전하기도 했다. 띠다구와 와시뻬잇은 쿠데타 이전에 이미 계획을 상세히 알고 있었다”고 말했다.
띠다구와 와시뻬잇은 민 아웅 흘라잉과 그의 배우자 '주주흘라'가 숭배하는 영적 스승으로, 민 아웅 흘라잉 가족과 관련된 모든 기부금은 이 두 승려가 관리하는 것으로 알려졌다. 사실상 막후실세 역할을 담당하는 셈이다.
최근에도 민 아웅 흘라잉은 어용언론의 체제선전 내용을 승려 띠다구가 조언한 불교교리로 교체하고, 군부대와 행정부처 등에도 자신이 숭배하는 승려들이 전한 경전을 암송하게 하는 등 주술과 미신을 기반으로한 통치를 이어가고 있다.

 

기사 : 킷띳미디어
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဆိုသော အမည်ကို သီတဂူက ခေါ်ဝေါ် သတ် မှတ်ပေးခဲ့ပြီး မင်းအောင်လှိုင်က အာဏာသိမ်းမည်ကို သူ ကိုးကွယ်သော ဘုန်းကြီးအားလုံးနီးပါးနှင့် ကြိုတင် တိုင်ပင်ခဲ့
ဖေဖော်ဝါရီ ၇
အကြမ်းဖက် မင်းအောင်လှိုင်က စစ်အာဏာသိမ်းမည်ကို သီတဂူက ကြိုတင်သိရှိခဲ့ပြီး အာဏာသိမ်းမှု မတိုင်မီ ယတြာချေခြင်း၊ နာမည်မှည့်ပေးခြင်းများကို မင်းအောင်လှိုင် ကိုးကွယ်သော သီတဂူနှင့်၀ဇီပိတ်တို့က လုပ်ဆောင်ပေးခဲ့ကြောင်း စစ်ဘက်သတင်းရင်းမြစ်များက ပြောသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမည့်ကိစ္စကို မင်းအောင်လှိုင်က သူ ကိုးကွယ်သော ဘုန်းကြီးများနှင့် တိုင်ပင်ခဲ့ပြီး ယတြာချေခြင်း များ လုပ် ဆောင်ခဲ့ကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဆိုသော အမည်ကို မင်းအောင်လှိုင်၏ ဆရာအရင်း သီတဂူက အမည်ပေး ခဲ့ကြောင်း သိရှိရသည်။
"သီတဂူဆရာတော်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဆိုတဲ့ နာမည်ကို မှည့်ပေးခဲ့တာ။ တပ်ချုပ်က အာဏာသိမ်းမယ်ဆိုတာ ဆရာတော်တွေကို ဖွင့်ပြောပြီး တိုင်ပင်တယ်။ နာမည်ရွေးတာ၊ အချိန်အခါ ၊ ယတြာတွေကို ကြိုတင်လုပ်ခဲ့ကြပါတယ်။ ၀ဇီပိတ် ဆရာတော်၊ သီတဂူ ဆရာတော်နှစ်ပါးစလုံးကို တပ်ချုပ်က အာဏာသိမ်းမယ့် ကိစ္စ ကြိုတင်သိရှိခဲ့ပြီး တိုင်ပင်မှု တွေရှိခဲ့ပါတယ်" ဟု စစ်တပ်သတင်းရင်းမြစ်က ပြောသည်။
သီတဂူနှင့် ၀ဇီပိတ် ၂ ဦးလုံးသည် မင်းအောင်လှိုင် နှင့် ကြူကြူလှ အမြဲတစေ ကိုးကွယ်ဆည်းကပ်နေသော ဘုန်းကြီးများဖြစ်ကြပြီး မင်းအောင်လှိုင် မိသားစုနှင့်ပတ်သက်သည့် အလှူများအားလုံးကို ထိုဘုန်းကြီး ၂ ဦးက စီမံဆောင်ရွက်ပေးခြင်း၊ ဘာသာရေးဆိုင်ရာ ယတြာ ချေခြင်းများကိုလည်း မင်းအောင်လှိုင်က ၀ဇီပိတ် ဘုန်းကြီးနှင့် တိုင်ပင် လုပ်ဆောင်လေ့ရှိကြောင်း သိရှိရသည်။
လက်ရှိတွင် မင်းအောင်လှိုင်က အပြင်အောင်ခြင်း ရှစ်ပါး၊ အတွင်းအောင်ခြင်းရှစ်ပါး တရားများကို သီတဂူ၏ လမ်းညွှန်ချက်အတိုင်း စစ်တပ် ဝါဒဖြန့် ရုပ်သံလိုင်း၊ ရေဒီယိုများတွင် ထုတ်လွှင့်ခြင်း၊ စစ်တပ် တပ်ရင်းတပ်ဖွဲ့များ၊ ဝန်ကြီးဌာနများတွင် ရွတ်ဖတ်ခိုင်းခြင်းများဖြင့် ယတြာချေခိုင်းနေကြောင်း သိရှိရသည်။
Khit thit media credit