자료/미얀마

미얀마 샨주, 강제징집 민간인 127명 중 20명 미성년자 (2023. 2월)

희년선교회 2023. 4. 11. 21:35

[샨주 라시오에서 군부가 조직한 민병대가 강제징집한 민간인 127명을 소수민족 무장단체가 구출해... 징집자 중 20명 미성년자로 밝혀져]       2023. 2. 6.

 

미얀마 동북부 샨주 라시오 타운십에 있는 자얀 마을 근방에서 군부가 조직한 민병대가 불법으로 징집한 소수민족 청년 127명을 따안 민족해방군(TNLA)가 구출한 것으로 확인되었다.
TNLA 제7여단 병력 500여 명은 지난 2월 4일 군부 민병대의 주둔지를 공격해 군부가 병사로 삼기위해 불법 징집한 민간인 127명을 구출했다.
 
구출한 민간인 중 15명은 여성이었으며, 20명은 7세 부터 17세에 이르는 미성년자로 밝혀졌다.
 
TNLA 측은 "군부는 최근 민병대 숫자를 늘리고 무기를 지급해 세력을 키웠다. 지급한 무기 숫자에 맞게 병력을 늘리길 원한 군부는 학교를 다니는 아이와 부모의 보호가 필요한 아이들까지 강제로 끌어모았다. 우리는 (민병대의) 주둔지를 공격했지만 교전없이 징집자들을 구출할 수 있었다"라고 전했다.
 
 
군부는 민병대 기지가 공격 당한 뒤 해당지역에 공습을 가했지만 TNLA 측 피해는 없는 것으로 알려졌다.
 
 
 
ဂျာယန်ပြည်သူ့စစ်မှ စုဆောင်းထားသည့် တအာင်းလူမျိုး ၁၂၇ ဦးကို TNLAကယ်ထုတ် အသက် မပြည့်သေးသူ ၂၀ဦးပါဝင်
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ် ဟိုခိုကျေးရွာအုပ်စု ဂျာယန်ကျေးရွာအနီးတွင် စစ်ကောင်စီ လက်‌အောက်ခံ ဂျာယန်ပြည်သူ့စစ်အဖွဲ့မှ တပ်သားအဖြစ် စုဆောင်းထားသည့် တအာင်းလူငယ် ၁၂၇ ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLAမှ သတင်း ထုတ်ပြန်ထားသည်။
ဂျာယန် ပြည်သူ့စစ်အဖွဲ့မှ စစ်မှုထမ်းရန် စုဆောင်းထားသည့် တအာင်းလူမျိုး ၁၂၇ ဦးကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် TNLAတပ်မဟာ ၇ တပ်ဖွဲ့မှ အင်အား ၅၀၀ ခန့်ဖြင့် ပြည်သူ့စစ် စခန်းအား စီးနင်းကာ ကယ်ထုတ်ခဲ့တာပဲ ဖြစ်သည်။
ထိုသို့ ကယ်ထုတ်လာသူများအထဲမှ အမျိုးသား ၁၁၂ ဦးနှင့် အမျိုးသမီး ၁၅ ဦး ပါဝင်ပြီး ၈ နှစ်မှ ၁၇ နှစ်အရွယ် ၂၀ ဦးထိ ရှိကြောင်း သိရသည်။
"သူတို့က ဒီကာလထဲမှာ စစ်တပ်ဘက်က သူတို့မွေးထားတဲ့ ပြည်သူ့စစ်တွေကို လူအင်အား လက်နက်အင်အား ဖြည့်တာတွေ လုပ်လာတယ်၊ လက်နက်က တပ်ပြီးသားဆိုတော့ လူအင်အားစုဖို့အတွက် ကျောင်းတက်နေတဲ့ ကလေးတွေပါတယ်၊ မိဘလုပ်ကျွေးနေတဲ့ ကလေးတွေပါတယ်၊ သူတို့ကို အတင်းအဓမ္မ ခေါ်တယ်ပေါ့ အဲ့ဒါကို သူတို့စခန်းကိုစီးပြီး ကယ်ထုတ်လာတာပါ ပြည်သူ့စစ်အဖွဲ့နဲ့ တိုက်ပွဲမဖြစ်ခဲ့ဘူး"ဟု TNLAမှ ဒုဗိုလ်မှူးကြီးတာပန်လ က ပြောသည်။
ယခုလို ဂျာယန်ပြည်သူ့စစ်စခန်းအား ဝင်ရောက်စီးနင်း ကယ်ဆယ်ပြီးနောက်မှာ စစ်ကောင်စီတပ်မှ TNLAတပ်ဖွဲ့ကို လေကြောင်းဖြင့် ဗုံးအလုံး ၃၀ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့် သေဆုံးသူ နှင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်းလည်း ဒုဗိုလ်မှူးကြီး တာပန်လထံမှ သိရသည်။