자료/자료-미얀마

군부, 샨주 불교사원에서 승려 3, 민간인 30여 명 집단학살 (2023. 3월)

희년선교회 2023. 4. 11. 21:11
[샨주 삔라웅 지역 불교 사원에서 군부 병력이 승려 3명 포함 민간인 30여 명 집단학살해]
2023. 3. 12.
 
군부 병력이 오늘(12일) 미얀마 동부 샨주 삔라웅 지역 남네인 마을에 있는 불교 사원에서 승려 3명을 비롯한 민간인 30여 명을 집단학살한 사실이 확인되었다.
민족통합정부(NUG) 국방부는 시민방위군과 소수민족 혁명단체 연합군이 샨-까야주 접경도시인 모비예를 출발해 삔라웅 지역으로 진군하며 남네인 마을에서 이르렀을 때 학살 현장을 발견했다고 전했다.
시민방위군 내 소식통은 "남네인 마을 사원에서 군부 병력이 살해한 승려 3명과 민간인들의 시신을 발견했다. 교전 중 큰 피해를 입은 뒤 사원으로 쳐들어가 보복 차원에서 학살을 저지른 것으로 보인다. 현재 꺼잉니 소수민족군과 더불어 현장을 수습 중에 있다."라고 전했다.
군부 병력이 학살을 저지른 것은 어제(11일) 오후 4시경으로 추정된다. 군부는 삔라웅 지역 남네인 마을 일대에 무차별 공습과 포격을 자행한 뒤 지상군을 투입해 마을을 습격했다.
사원을 습격한 군부는 승려 3명과 피란 중인 마을주민 30여 명을 사원 담벼락에 줄세운 뒤 총격을 가해 살해했다. 현재 학살 현장에는 소수민족 혁명단체 꺼잉니 민족방위군(KNDF), 꺼잉니군(KA)와 시민방위군이 병력을 보내 시신을 수습하고 있으며, 지금까지 승려 3명과 민간인 28명의 시신을 발견한 것으로 확인되었다.
 
Breaking News- ပင်လောင်းမြို့နယ်၊ နမ့်နိန်းရွာ ဘုန်းကြီးကျောင်းတွင် သံဃာတော် ၃ ပါးနှင့် ပြည်သူ ၃၀ ဦးကို စစ်တပ်က အစုလိုက် အပြုံလိုက် ပစ်ခတ်သတ်ဖြတ်ထား
မတ် ၁၂
ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ နမ့်နိန်းရွာ ဘုန်းကြီးကျောင်းအတွင်း သံဃာတော် ၃ ပါးနှင့် ပြည်သူ ၃၀ ဦးကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နှင့် ပြည်သူ့ကာကွယ်ရေး တပ်များထံမှ သိရှိရသည်။
ယနေ့ မတ်လ ၁၂ ရက်နေ့ ဒေသကာကွယ်ရေး တပ်ဖွဲ့ ပေါင်းစုံဖြင့် စုဖွဲ့ထားသော မိုးဗြဲ ဗဟိုကော်မတီက ပင်းလောင်းမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ် တပ်စွဲခဲ့သော နမ့်နိန်းရွာကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဥ် ကျေးရွာ ဘုန်းကြီးကျောင်းအတွင်း စစ်တပ် သတ်ဖြတ်ထားခဲ့သော ဘုန်းကြီး ၃ ပါးနှင့် ပြည်သူ ၃၀ ဦး၏ ရုပ်အလောင်းများ တွေ့ရှိခဲ့ကြောင်း သိရသည်။
"နမ့်နိန်း ကျေးရွာ ဘုန်းကြီးကျောင်းထဲမှာ စစ်ခွေးတွေ ဖမ်းဆီး သတ်ဖြတ်သွားတဲ့ ဘုန်းကြီး ၃ ပါးနဲ့ ပြည်သူ ၂၀ ဦး သတ်ဖြတ်ခံရတဲ့ ရုပ်အလောင်းတွေ တွေ့ရှိခဲ့တယ်။ ထိတွေ့တိုက်ပွဲတွေ အတွင်းမှာ စစ်ခွေးတွေ အသေများတော့ ဘုန်းကြီးကျောင်းပေါ်တက်ပြီး ရွာထဲမှာ ရှိတဲ့ စစ်ရှောင်များတွေနဲ့ ဘုန်းကြီး ၃ ပါးပါ သတ်ဖြတ်သွားတယ်။ အခုက ကရင်နီ ပူပေါင်း အဖွဲ့တွေ နယ်မြေရှင်းလင်းရင်းနဲ့ တွေ့တာပါ" ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် သတင်းရင်းမြစ်က ပြောသည်။
အကြမ်းဖက်တပ်က ၂၀၂၃ ခုနှစ် မတ်လ (၁၁) ရက်နေ့တွင် ပင်လောင်းမြို့နယ်ရှိ နမ်းနှိမ်ကျေးရွာ ဘုန်တော်ကြီးကျောင်းတွင် ခိုလုံနေသော သံဃာတော်များနှင့် ပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကျူးလွန်ခဲ့ကြောင်း၊ မတ်လ ၁၁ ရက်နေ့၊ ညနေခင်း ၄ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်သည် လေယာဉ်နှင့် လက်နက်ကြီးမျာကို အသုံးပြု၍ ပင်လောင်မြို့နယ်ရှိ နမ်းနှိမ်ကျေးရွာအနီးဝန်းကျင်တွင် ပစ်ခဲ့ပြီး ကျေးရွာအတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။
ကျေးရွာအတွင်းသို့ ဝင်ရောက်ပြီးနောက် ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေသည့် ကျေးရွာသား ၃၀ ဦးနှင့် သံဃာတော် ၃ ပါး တို့ကို ခိုအောင်းရာမှာ ထွက်စေခဲ့ပြီး ကျောင်းတော်နံရံဘက်နောက်ခံထားပြီး ရက်စစ်စွာပြစ်သတ်ခဲ့ကြောင်း၊ ထိုဖြစ်စဉ်ကို KNDF၊ PDF၊ KA ကင်းထောက်တို့က တွေ့ရှိခဲ့ကြောင်း၊ ပျောက်ဆုံးသူ ၃၀ ဦးအနက်မှ ပြည်သူ ၂၈ အလောင်းကို တွေ့ရှိခဲ့ရကြောင်း၊ သံဃာ ၃ ပါး အလောင်းကို တွေ့ရှိရကြောင်း သိရှိရသည်။
အလောင်းများကို KNDF က သယ်ထုတ်နိုင်ခဲ့ပြီး သက်ဆိုင်ရာ ရဲဌာနနှင့် ဆေးမှုခင်းများကို ဆက်လက်စစ်ဆေးမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း ၊ ဘာသာရေးအရ သဂြိုလ်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
လက်ရှိ စစ်ကောင်စီ စစ်ကြောင်းကို KNDF, KA, ရှင်းတောင် PDF, PDF ဖယ်ခုံ၊ မိုးဗြဲ နှင့် လာရောက်ကူညီသည့် DMO PDF တို့က ဆက်လက်တန်ပြန်စစ်ဆင်လျက်ကြောင်း၊ အစုလုက် အပြုံလိုက် သတ်ဖြတ်မှုအတွက် စစ်ကောင်စီတပ်ကို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။