자료/자료-미얀마

군부와 쀼저티, 양곤에서 시민방위군 가족 살해 (2023. 2월)

희년선교회 2023. 4. 11. 21:26
[양곤 흘레구 지역에서 시민방위군의 가족을 퇴역 군부 군인과 쀼저티가 살해... 3세 유아 포함 5명 총격으로 잔혹하게 희생]
2023. 2. 24.
퇴역 군부 군인과 쀼저티(군부를 추종하는 민간인 무장조직)이 미얀마 최대도시 양곤의 흘레구 지역에서 지난 22일 시민방위군 합류자의 가족 5명을 무참히 총격살해하는 만행을 벌였다.
사건은 22일 밤 8시께 발생했다. 희생자들은 교사 출신으로 쿠데타 이후 시민방위군에 합류한 '윈소'라는 남성의 가족이다. 쀼저티는 현장에서 3살 유아와 85세 노인 등 항거능력이 없는 약자들도 모두 살해했다.
희생자의 지인은 "살해당한 이들은 시민방위군 윈소의 처갓집 사람들이다. 아내를 포함해 어린 아들까지 목숨을 잃었다. 살인자들은 전직 군부 군인들과 쀼저티 무리다. 희생자들은 안전을 위해 지방으로 이동을 준비하던 중 공격을 받았다."라고 상황을 전했다.
한편 군부 추종자들은 이번 살인사건을 시민방위군의 소행으로 왜곡하여, 시민방위군이 무고한 민간인을 살해했다는 가짜뉴스를 만들어 온라인에 공유하고 있는 것으로 알려졌다.
လှည်းကူးတွင် အသက် ၃ နှစ် အရွယ် ကလေးငယ် အပါ အဝင် ပစ်သတ်ခံရသူ ၅ ဦးမှာ ကျောင်းဆရာ PDF ကိုဝင်းစိုး၏ မိသားစု ဝင်များဖြစ်၊ PDF ထောက်/ပို့လုပ်သည် ဟုဆိုကာ စစ်မှုထမ်း ဟောင်းနှင့် ပျူစော ထီးများက သတ်ဖြတ်သွားခဲ့
ဖေဖော်ဝါရီ ၂၄
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်တွင် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ညပိုင်း အသက် ၃ နှစ်အရွယ် ကလေး ငယ် အပါအဝင် ပစ်သတ်ခံရသည့် မိသားစုဝင် ၅ ဦးမှာ ကျောင်းဆရာ လက်ရှိ PDF ကိုဝင်းစိုး၏ မိသားစုဝင်များဖြစ်ကြောင်း မိတ်ဆွေ အသိုင်းအ၀ိုင်းက အတည်ပြုပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ည ၈ နာရီအချိန်ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ရိပ်သာရပ်ကွက်၊ မေဃ၀တီ ၄ လမ်း၊ မြို့ကြီး ကုန်းဘက်တွင် မိသားစုဝင် ၅ ဦး ကို ပျူစောထီးများ ပစ်သတ်သွားခဲ့ကြောင်း၊ ပစ်သတ်ခံရသူများ ဒေါ်စန်းနွဲ့၊ သားဖြစ်သူ ဦးမောင်မောင်၊ သမီးဖြစ်သူ မဝင်းနွယ်၊ မဝင်းနွယ်၏ သား အသက် ၃ နှစ်အရွယ်ကလေးငယ်၊ အသက် ၈၅ နှစ်အရွယ် အဘိုးဦးအောင်မောင်းတို့ကို ပစ်သတ်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။
"အသတ်ခံရတာက ကျောင်းဆရာ ကိုဝင်းစိုး PDF ရဲ့ ယောက္ခမ မိသားစုပါ။ မဝင်းနွယ်က ကိုဝင်းစိုးရဲ့ဇနီး။ ကိုဝင်းစိုးရဲ့ သားလေး အသက် ၃ နှစ်အရွယ် ကလေးကိုပါ ပစ်သတ်သွားတာ။ လာသတ်သွားတဲ့ လူတွေက စစ်မှုထမ်း ဟောင်း နဲ့ပျူ စော ထီးဆိုတာ အတည်ပြုနိုင်ပါပြီ။ ဘယ်လို အတည်ပြုနိုင် လဲတော့ မမေးပါနဲ့။ အဘိုး ဦးအောင်မောင်းက သထုံကပါ ။ သထုံပြန်ဖို့ လုပ်နေတုန်း အပစ်ခံရတာ" ဟု မိတ်ဆွေတစ်ဦးက ပြောသည်။
"ဆုံးသွားတဲ့သူတွေမှာ အဘိုး ဦး​အောင်​မောင်း၊ မောင်လေး ကိုမောင်မောင်၊ ညီမငယ်က မိပိတ်(မဝင်းနွယ်)၊ အကြီး စန်းနွဲ့ တို့ပါ။ ပစ်သတ်ခံ လိုက်ရတဲ့ အထဲပါသွားတဲ့ အသက် ၃ နှစ်သားလေးက ကျောင်းဆရာ PDF ကိုဝင်းစိုးနဲ့ မိပိတ် တို့သားလေး။ တကယ်က ကျောင်းဆရာ PDF နဲ့ အကြီးစန်းနွဲ့တို့က အဆက် အသွယ် မရှိကြပါဘူး။ သူက အိမ်က သူထွက်သွားတာ ၂နှစ် ကျော်ရှိ နေပြီ။ အခုနောက်ဆုံး ဘေးပတ်ဝန်းကျင်ကလည်း စစ်မှုထမ်းဟောင်း၊ ပျူစောထီး တွေ ပစ်သတ် သွား တယ်ဆိုတာ အတည်ပြုပါတယ်။ ဒီဘက်ကလည်း ပျူစောထီးတွေ သတ်တယ် ဆိုတာ အတည်ပြုနိုင်တယ်" ဟု ဆွေမျိုးနီးစပ်တစ်ဦးက ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီထောက်ခံသော စစ်လော်ဘီများက ပစ်ခတ်သတ်ဖြတ်မှု လုပ်ဆောင်ပြီးနောက် PDF က သတ်ဖြတ်သည်ဟုဆိုကာ သတင်းမှားများ၊ ဝါဒဖြန့်မှုများ ချက်ချင်း လုပ်ဆောင်ခဲ့ကြသည်။
Khit thit media credit